Udemybeginneren

Sustainable Development & Conservation: Hydropower

Learn about hydropower, a key renewable energy source. Explore clean electricity generation from water. Sustainable energy solutions explained.

4.8(11)
234students
30m
Thant Myanmar
Thant MyanmarNon-Profit Environmental Organization

Course Content

Sustainable Development & Conservation: Hydropower is a beginner-level Udemy course taught by Thant Myanmar. It runs 30m and is taught in English. Learners rate it 4.8 out of 5 from 11 reviews, with 234 students enrolled. It is free to enroll, first published March 2022.

ပြန်ပြည့်မြဲစွမ်းအင် အခြေခံသင်တန်း - မြန်မာနိုင်ငံအတွက် အရေးပါသော အနာဂတ်

စွမ်းအင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လူမှုစီးပွားဘဝကို တိုးတက်စေရန် လျှပ်စစ်မီးသည် မဖြစ်မနေလိုအပ်ပါသည်။ စက်ရုံအလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများအတွက်လည်း လျှပ်စစ်မီးသည် အရေးကြီးပါသည်။

လျှပ်စစ်မီး၏ အကျိုးကျေးဇူးများ

လျှပ်စစ်မီးရရှိခြင်းဖြင့် လူသားများအနေဖြင့် မီးအလင်းရောင်ကို အသုံးပြုနိုင်ခြင်း၊ တီဗီမှတဆင့် ဖျော်ဖြေရေးအစီအစဉ်များ၊ သတင်းအချက်အလက်များ ကြည့်ရှုနိုင်ခြင်း၊ ဖုန်းနှင့် အင်တာနက်ကဲ့သို့သော ဆက်သွယ်ရေးကိရိယာများ အသုံးပြုနိုင်ခြင်း၊ မီးခိုးငွေ့ထွက်သော ထင်းမီးသွေးကို အသုံးပြုရန် မလိုအပ်တော့ဘဲ အလွယ်တကူ ချက်ပြုတ်နိုင်ခြင်းနှင့် အစားအစာများကို အအေးခံသိုလှောင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလိုအပ်ချက်

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးလိုအပ်ချက်သည် တိုးတက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ၏ ပျမ်းမျှအားဖြင့် ထက်ဝက်ခန့်သာ လျှပ်စစ်မီးရရှိထားပြီး လျှပ်စစ်မီးရရှိရန်အတွက် အသွယ်သွယ်နည်းလမ်းများဖြင့် လုပ်ဆောင်နေပါသည်။

ရုပ်ကြွင်းလောင်စာများ၏ အန္တရာယ်

ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ကို ထုတ်လွှတ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များသည် အိုဇုန်းလွှာတွင် ပိတ်မိနေခြင်းကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲခြင်းများ ဖြစ်ပေါ်စေပါသည်။ ရာသီဥတုပြောင်းလဲမှုများသည် ရေခဲတောင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်း၊ ရေကြီးခြင်း၊ ကုန်းတွင်းပိုင်းတွင် ရေခန်းခြောက်ခြင်းနှင့် အပူလှိုင်းများ စသည်တို့ကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိများနှင့် အပင်များ၏ အသက်ရှင်နေထိုင်မှုအား ထိခိုက်စေနိုင်ပြီး မျိုးတုန်းပျောက်ကွယ်မှုများပင် ဖြစ်ပေါ်စေနိုင်ပါသည်။

ပြန်ပြည့်မြဲစွမ်းအင် - အနာဂတ်အတွက် အဖြေ

နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချရန် ပြန်ပြည့်မြဲစွမ်းအင်ကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို လျော့ချရန် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ကားများ ထုတ်လုပ်အသုံးပြုမှုအား ပံ့ပိုးခြင်းနှင့် လျှပ်စစ်လိုအပ်ချက်ကို လျော့ချနိုင်ရန် ထိရောက်မှုရှိသည့် နည်းပညာများကို အသုံးပြုခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

ပြန်ပြည့်မြဲစွမ်းအင် သင်တန်း

ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သော ပြန်ပြည့်မြဲစွမ်းအင်နှင့် ပတ်သက်သည့် အခြေခံအကြောင်းအရာများကို သိရှိနားလည်နိုင်ရန် ရည်ရွယ်၍ နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် လေစွမ်းအင် သင်ခန်းစာ ၃ ခုဖြင့် ပြုစုထားပါသည်။

$ whoami — the devs behind tutorialsearch.io

Hire the developers behind TutorialSearch.io

We built this site — full-stack web apps, AI integration & automation. Tell us what you need and we'll build yours.